ဘုရားကြီးကုန်းကျေးရွာတွင် ဧက(၁၀၀)တစ်ဧက တင်း(၁၀၀)ထွက်ရှိရေးစံပြကွက် စံကွက်ရိတ်သိမ်းရာ တစ်ဧက အစို (၁၁၇)တင်းထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားကြီးကုန်းကျေးရွာတွင် ဧက(၁၀၀)တစ်ဧက တင်း(၁၀၀)ထွက်ရှိရေးစံပြကွက် စံကွက်ရိတ်သိမ်းရာ တစ်ဧက အစို (၁၁၇)တင်းထွက်ရှိ



MNP - နိုဝင်ဘာ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် စံပြကွက်ရိတ်သိမ်းပွဲကို ဘုရားကြီးကုန်းကျေးရွာတောင်သူ ဦးပန်းမောင်၏ လယ်မြေကွင်း အမှတ် - ၃၇ (ဂ)၊ ဦးပိုင်အမှတ် - ၄၃/၁ တွင် ယနေ့နံနက် ၉ နာရီတွင် ဆောင်ရွက်သည်။


ဧက (၁၀၀) တစ်ဧက တင်း(၁၀၀)ထွက်ရှိရေးစံပြကွက် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစို (၁၁၇)တင်း၊ အခြောက်(၁၀၇.၅၀)တင်းထွက်ရှိပြီး စံကွက်ရိတ်သိမ်းပွဲသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)