အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်‌တောဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်‌တောဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေး ကျင်းပ




MNP ၊ နိုဝင်ဘာ ၉

ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေး အစီအစဉ်အရ ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့်သစ်‌တော ဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးကို Virtual Format ဖြင့်ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပါဝင်တက်ရောက်သည်။


အစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အာဆီယံကာဗွန်လျှော့ချရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်ပေးအပ်ရေးနှင့် လုပ်ငန်းလမ်းညွှန်ချမှတ်ရေးတို့ကို ဆွေးနွေးကြသည်။


ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရှည်အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်း ချက်များပြည့်မီစေရန် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေမှု၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာများနှင့်အညီ ပို့ဆောင်ရေးကဏ္ဍ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမျိုးသားအဆင့် အကောင်အထည်ဖော်ရေးစီမံချက် ရေးဆွဲပြီး ပို့ဆောင်ရေးနည်းများတွင် ကာဗွန်လျှော့ချရေးဆောင်ရွက်နေမှုများကို ဆွေးနွေး သည်။


ဆက်လက်၍ ကာဗွန်ဓါတ်ငွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးအတွက် “မှတ်ပုံတင်သက်တမ်းကြာမြင့်ယာဉ်များဖျက်သိမ်းရေးနှင့် အစားထိုးယာဉ်တင်သွင်း ရေးစီမံချက်” ကို ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်နေမှု၊ လက်ရှိကာလတွင် လျှပ်စစ် သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်အသုံးပြု ပြေးဆွဲရန်လိုအပ်သည့်မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ကမ်းရိုးတန်းသွားရေယာဉ်များတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အတွက် အစိမ်းရောင်သင်္ဘောမဟာဗျူဟာနှင့် ပြည်တွင်းရေကြောင်း သွားရေယာဉ်များ၏ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ်ကွန်ဗင်းရှင်းပါစံညွှန်းများနှင့်အညီ ကာဗွန်လျှော့ချရေး အစီအစဉ်၌ ပါဝင်ဆောင်ရွက် နေမှုများနှင့် အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာရေးဆွဲ ချမှတ်ရန်လိုအပ်မှု၊ မဟာဗျူဟာရေးဆွဲရေးအပေါ် ကဏ္ဍအလိုက်တာဝန်ပေးအပ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုအချက်အလက်များ စုဆောင်းအကဲဖြတ်မှုများတွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လိုအပ်မှုများကို အကြံပြုဆွေးနွေးသည်။


အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စွမ်းအင်ဝန်ကြီးများ တက်ရောက်ကြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)