ကျောက်ကြီးမြို့နယ်၌ (၂၇) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်ပဒေသာပင်များ စီတန်းလှည့်လည်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ (၂၇) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်ပဒေသာပင်များ စီတန်းလှည့်လည်ပွဲ ကျင်းပ




MNP - နိုဝင်ဘာ   ၅


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က သိမ်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်းတွင် စုရပ်ပြုလုပ်ကာ (၂၇)ကြိမ်မြောက် မြို့နယ် လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်ပဒေသာပင်များအား မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


 ဌာနပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျောက်ကြီးမြို့ပေါ် (၇)ရပ်ကွက်နှင့် မြို့နယ်အဆင့် ရုံးဌာနများမှ ပဒေသာပင်များအား မော်တော်ယာဉ်များဖြင့် တင်ဆောင်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ရှမ်း၊ ပအို့ဝ် တိုင်းရင်းသားများ ရိုးရာအိုးစည်အဖွဲ့များ၊ ဒိုးပတ်ဝိုင်းများ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့စည်းများ၊ ဒေသခံပြည်သူများက ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အလှူခံကြပြီး၊ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် စုရပ်ပြုလုပ်ကာ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းရှိ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကျောင်းတိုက်အလိုက် မဲဖေါက်ပြီး ပဒေသာပင်များအား သက်ဆိုင်ရာ ကျောင်းတိုက်အလိုက် ဆပ်ကပ်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြားချက်အရ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)