သရက်ချောင်းမြို့နယ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲဆောင်ရွက်

 




MNP - နိုဝင်ဘာ  ၁၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု ကွင်းအမှတ်(၃၉၀) ဦးပိုင်အမှတ်(၁၇/၂) တောင်သူဒေါ်စိန်၏ ဆင်းသုခ(Seeder) စံပြမိုးစပါးစိုက်ခင်း(ဝ.၁၀)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကကျင်းပခဲ့သည်။


အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဇင်၊ သရက်ချောင်းမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။


အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခတစ်ဧကလျှင် အစို(၁၂၅)တင်းနှုန်းနှင့် အခြောက်တင်းအနေဖြင့် (၁၁၂.၅၀)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်မင်းထံမှ သိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)