ရခိုင်ပြည်နယ် မောင်တောမြို့၌ သမိုင်းဝင်မဟာကျန် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သမိုင်းဝင်မဟာကျန် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်




MNP - နိုဝင်ဘာ  ၇


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍  ယမန်နေ့ ညနေ့ ၇ နာရီ အချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြသည်။


အဆိုပါ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် တန်ဆောင်တိုင်ကာလအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  ယနေ့တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှစတင်ကာ ဌာနဆိုင်ရာများ၊ အနီးအနားရှိ ရပ်ကွက်များမှ ဘုရားဖူးလာ ပြည်သူလူထုများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊  ဘုရားရေ ချမ်းအိုးကပ်လှူပူဇော်ခြင်း၊ သစ်သီးဆွမ်းကပ်လှူခြင်း၊ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ လမ်းသွယ်၊ လမ်းကြားများတွင်လည်း အလှမီးများထွန်းညှိခြင်းများကို ပြုလုပ်ဆောင်ရွက်ကြသည်။


ထို့အပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ မဟာ(မဟာ ဂန္ထဝါစကပဏ္ဍိတ) အဂ္ဂမဟာသဒ္ဒန္တကေတု မြို့မကျောင်းတိုက်တွင် ကိန်းဝပ်တော်မူလျက်ရှိသော ဘီစီ ၅၆၈ ရက္ခပူရ တတိယ ဓညဝတီခေတ်တွင် ဘုရင်စန္ဒသူရိယ သွန်းလုပ်သည့် သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား အများပြည်သူလူထုများ ဖူးမျှော်နိုင်ရေးအတွက် တန်ဆောင်တိုင်ကာလအတွင်း လောကမာရဇိန် သမုတ်သိမ်တော်ကြီးတွင် အပူဇော်ခံထားရှိပြီး ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိရာ စေတနာရှင်၊ အလှူရှင်များက စတုဒီသာကျွေးမွေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)