တပ်ကုန်းမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ   ၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်း အရုံးအလုပ်အမှုဆောင်အဖွဲ့(ယာယီ)က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ဂီတအစည်းအရုံး နာယကများဖြစ်ကြသည့် ဦးဇော်လွင်၊ ဦးတင်လွန်းတို့က မြို့နယ်ဂီတ အစည်းအရုံးအဖွဲ့ကို လူနည်းစုအားဖြင့် ဖွဲ့စည်းထားသော်လည်း မြို့နယ်အတွင်းမှ ဂီတပညာရှင်များ၊ ဝါသနာရှင်များဖြင့် အဖွဲ့ဝင်တိုးပွားရေး ဆောင်ရွက်ရန်၊ အဖွဲ့ဝင်များစည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဂီတအစည်းအရုံး (ယာယီ) ဥက္ကဋ္ဌ ဦးကျော်စိုးလွင် က အဖွဲ့ဝင်များနှင့်အတူရန်ပုံငွေရှာဖွေရေး၊ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်နိုင်ရေး၊ ဂီတအစည်းအရုံး ဆိုင်းဘုတ်စိုက်ထူ တည်ထောင်နိုင်ရေးနှင့် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့်အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းခဲ့ရာ နာယကများနှင့်(ယာယီ)ဥက္ကဋ္ဌတို့က ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)