ကွမ်းခြံကုန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၂/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၂/၂၀၂၂)ဖွင့်လှစ်



MNP - နိုဝင်ဘာ   ၂


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၂/၂၀၂၂)ဖွင့်လှစ်ခြင်းကို ယမန်နေ့ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်းက ဖွင့်အမှာစကားပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးပြည့်ဖြိုးဟိန်းက သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်း၊ အဖွဲ့ဝင်(၂)ဦးရဲတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးသက်နိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင် သင်ကြားပြသပေးမည့် မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။


အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဦးအား အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးငြိမ်းသတ်ဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ဖြင့် နိုဝင်ဘာ ၁ ရက်မှ ၂၅ ရက်နေ့အထိသင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


သတင်း - ဆွေနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)