ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်



MNP - နိုဝင်ဘာ ၁၄


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးမှ တက်ရောက်လာသူများအား ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများမှ ကလေးအလုပ်သမား အများဆုံးတွေ့ရှိရသည့် နေရာဒေသများအခြေအနေ၊ ကလေးအလုပ်သမားပပျောက်ရေး ပြဌာန်းထားသည့် ဥပဒေများ၊ မိမိပတ်ဝန်းကျင်တွင် ကလေးအလုပ်သမားများတွေ့ရှိပါက ဆက်သွယ်ဆောင်ရွက်ရမည့် ဌာနနှင့်အဖွဲ့အစည်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ထုတ်ပြန်ချက်များ၊ ကလေးများအပေါ်အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကလေးများအားမတရားခိုင်းစေခြင်းများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများအပြင် လုပ်အားခများကို အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်းတို့နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆွေးနွေးပေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာကြည့်တိုက်အသုံးပြုသူစာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)