ထားဝယ်မြို့တွင်အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင်အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ






MNP ၊ နိုဝင်ဘာ ၈

အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က အိမ်ထောင်စုနှင့်မြေပြင်နေထိုင်မှုလူဦးရေ စာရင်းကိုက်ညီစေရေးအတွက် တိုက်ဆိုင်စစ်ဆေး၍ ပယ်ဖျက်/ ပြင်ဆင်/ ဖြည့်စွက်ခြင်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များတင်ပြဆွေးနွေးပေးစေလိုကြောင်း၊ အခက်အခဲများရှိပါက ယခုအစည်းအဝေးတွင်တင်ပြပေးစေလို ကြောင်းပြောကြားသည်။


ထို့နောက်ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးသက်ထူးတင် က ဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စုစာရင်းနှင့်မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထိန်လင်းဦး က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ မြို့နယ်အလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လူဦးရေနှင့်မဲဆန္ဒရှင်အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 


ထို့နောက်တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင် အားဦးစီးဌာနမှတာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးဆောင်ရွက်မှုလုပ်ငန်းများနှင့်လုပ်ငန်း များအောင်မြင်ရေးအတွက်ဆောင်ရွက်နေမှုအခြေအနေများ၊ လစဉ်စိစစ်ပြုစုထားသည့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ခရိုင်အတွင်းရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများကပူးပေါင်းစိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မြို့နယ်အလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများ အားရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။  


ဆွေနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဖြည့်စွက်ဆွေးနွေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)