ရသေ့တောင်မြို့နယ်တွင် အ‌ခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် အ‌ခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


MNP ၊ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊စစ်‌တွေခရိုင်၊ရသေ့တောင်မြို့နယ်တွင် အခြေခံပညာအထက်တန်း ၊ အလယ်တန်း ၊ မူလတန်းအဆင့်သင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်တာဝန်ခံ‌ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီတွင် မြို့မအ.ထ.က(၂) အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးများ စုစုပေါင်း ၁၈၀  ဦးတို့အား မြို့နယ်ပညာရေးမှူးဆရာကြီးဦးထွန်း‌ရွှေကစီမံ၊ဘဏ္ဍာ၊ပညာ၊စီမံကိန်း၊ကြီးကြပ်အကဲဖြတ်နှင့်(စီမံကိန်းစာရင်းအင်းကဏ္ဍရပ်များအားရှင်လင်းပြောကြားခဲ့သည်။အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်ထိ၊ နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)