နတ်တလင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

 


MNP - နိုဝင်ဘာ   ၃


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်များမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က နတ်တလင်းကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။


အလုပ်ရုံဆွေးနွေးပွဲကို နတ်တလင်းမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်အေးအေးသောင်းနှင့် တာဝန်ရှိသူ(၃)ဦးတို့က စီမံဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်၊ ပညာဌာနဘာသာရပ်၊ စီမံကိန်းစာရင်းအင်းမှတ်တမ်းဘာသာရပ်၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်ခြင်းဘာသာရပ်နှင့် ကာယပညာဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော ကျောင်းအုပ်ကြီးများမှ အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကိုမြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မှု) ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီး (၂၃၇)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကိုနံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ထိ(၂)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)