ဂွမြို့၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ ဖြေဆို






MNP ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် အထက(ဂွမြို့)၌  အထွေထွေဗဟုသုတ ဘာသာရပ်ကို ဖြေဆိုခဲ့ကြောင်း သိရ သည်။

မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ဂွမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများရှိ  အထက်တန်း အဆင့် Grade-9/10 နှင့် 11တို့မှ ထူးချွန်ကျောင်းသား/သူ  ၁၃ ဦးဖြေဆိုခဲ့ကြသည်။  ထိုသို့ဖြေဆိုခဲ့ရာတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြပြီး ညနေပိုင်းတွင် အင်္ဂလိပ်စာသာဘာသာရပ်ကို လည်းကောင်း၊ ယနေ့ဒုတိယနေ့တွင် နံနက်ပိုင်းက အထွေထွေဗဟုသုဘာသာရပ်ကိုဖြေဆိုခဲ့ပြီး ညနေပိုင်းတွင် နှုတ်ဖြေဘာသာရပ်ကိုလည်းကောင်း ဖြေဆိုလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)