ဂွမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ




MNP ၊ နိုဝင်ဘာလ  ၁၁         

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dosesပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက စုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

      

ထိုသို့ထိုးနှံပေးရာတွင် နိုဝင်ဘာလ(၉)ရက်နေ့က ကိုဗစ် ကာကွယ်ဆေး Booster Doses Myancopharm  ပထမအကြိမ်တွင်(၈)ဦးနှင့် ဒုတိယအကြိမ်(၂၂၈)ဦးတို့က လည်းကောင်း၊ Sinovac Phase-17 ပထမအကြိမ်တွင် ( ၂)ဦးတို့ကလည်းကောင်း  နိုဝင်ဘာလ(၁၀)ရက်နေ့က ကိုဗစ် ကာကွယ်ဆေး Booster Doses Myancopharm  ပထမအကြိမ်တွင်(၁၅)ဦးနှင့် ဒုတိယအကြိမ်(၁၉၆)ဦးတို့က လည်းကောင်း၊ Sinovac Phase-17 ပထမအကြိမ်တွင် ( ၄)ဦးတို့ကလည်းကောင်း သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင် လာရောက်ထိုးနှံခဲ့ကြကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊  သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုခဲ့ကြောင်း သိရသည်။

   

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)