ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ






ရသေ့တောင်  နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် စစ်ရှောင်စခန်းမှမိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အစဉ်အလာမပျက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသောရဟန်း၊ သံဃာများ၊ စာသင်သားကိုရင်များ၊ မယ်သီလရှင်များအားမြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲကို ဗုဓ္ဒဘာသာဝင် တို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။


မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်နှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်မြောက်ရေးကော်မတီဝင်များ၊ အသင်းအဖွဲ့များ၊မြို့ပေါ် ၄ ရပ်ကွက်မှစေတနာရှင်အလှူရှင်များ၊ ဌာနဆိုင်ရာမိသားစုများလူငယ်အသင်းအဖွဲ့များမှ စုပေါင်းပြီးရသေ့တောင်မြို့မအားကစားကွင်းအတွင်းတွင် မြိုလုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပြုလုပ်ခဲ့ရာရဟန်း၊ သံဃာများ၊စာသင်သားကိုရင်များ၊ မယ်သီလရှင်များအပါး(၁၂၀)ခန့်အား ဆွန်းဆန်များ၊ မာမီခေါက်ဆွဲ၊ ကော်ဖီမစ်၊ ပေါင်မုန့်၊ မုန့်ခြောက်၊ အချိုရည်ဘူး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်ထုတ်၊ သွားတိုက်ဆေး၊ ဖယောင်းတိုင်၊ တိုင်းရင်းဆေးများအစရှိသည့် လှူဖွယ်ပစ္စည်းများအမျိုးစုံလင်စွာ ဖြင့်ပျော်ရွှင်စွာ လောင်းလှူခဲ့ကြပြီး၊ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့်အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)