မြင်းခြံမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်

 




MNP - နိုဝင်ဘာ  ၂


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်မှူးဦးဆန်းမြင့်ထွန်းက သင်တန်းဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်း သားတစ်ဦးမှ သင်တန်းတက်ရောက်ရခြင်း ရည်ရွယ်ချက်များကို ရှင်လင်းပြောကြားခဲ့သည်။


“ဒီနေ့ သင်တန်းဖွင့်လှစ်ရခြင်းကတော့ မိသားစုဝင်များဖြင့်သော်လည်းကောင်း၊ အလုပ်သမား ငှားရမ်းအသုံးပြု၍သော်လည်းကောင်း တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေရန်အတွက် လူသုံးကုန်လုပ်ငန်းသုံး ဓာတုပစ္စည်းများအကြောင်း၊ ဆပ်ပြာဆီ(အဝတ်လျှော်/ပန်းကန်ဆေး) ထုတ်လုပ် နည်း၊ ရေချိုးဆပ်ပြာရည် ထုတ်လုပ်နည်း၊ ကိုယ်တိုက်/ မျက်နှာသစ် ဆပ်ပြာခဲ ထုတ်လုပ်နည်း၊ Herbal အခြေခံခေါင်းလျှော်ရည်ထုတ်လုပ်နည်း၊ အသေးစားကုန်ထုတ်လုပ်ငန်းအတွက် ဈေးကွက်ဆိုင်ရာနည်းပညာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း” ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမြင့်ထွန်းက ပြောသည်။


အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသား/သူ (၂၀) ဦးဖြင့် ဖွင့်လှစ် သင်ကြားပြီး နိုဝင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)