ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်



MNP - နိုဝင်ဘာ   ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (ထီတလိ)တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် အ.ထ.က (ထီတလိ) မှကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ခင်ခင်နိုင်က အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းက ကိုလိုနီခေတ်တွင် “ကျွန်ပညာရေး” စနစ်မှသည် “သခင်ပညာရေး” စနစ်ဖြစ်ပေါ်လာစေရန် မျိုးချစ်ကျောင်းသားခေါင်းဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေးများ ရင်းနှီးခဲ့ရသည့် အကြောင်းရင်းများ၊ အမျိုးသားကျောင်းများ နိုင်ငံတစ်ဝှမ်းပေါ်ထွန်းလာစေရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရပုံများ၊ ဝိုင်အမ်ဘီအေအသင်းကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သူများအကြောင်း၊ ဂျီစီဘီ အေအသင်းချုပ်ကြီးက သပိတ်မှောက်ကျောင်းသားများအား ကူညီဆောင်ရွက်ပေးခဲ့သည့် အကြောင်းများ၊ ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက်၌ အမျိုးသားကောလိပ် စတင်ဖွင့်လှစ် နိုင်ခဲ့မှု အခြေအနေများ၊ အမျိုးသားကျောင်းများတွင် ပညာလေ့လာဆည်းပူးခဲ့သည့် မျိုးချစ်ခေါင်းဆောင်ကြီးများအကြောင်းနှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းများ ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က "လူငယ်နှင့်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတ စုံလင်စွာ ရရှိနိုင်စေမည်ဖြစ်ကြောင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေလေ့လာဖတ်ရှုသည့် နည်းလမ်းများအား ဖတ်ကြားဆွေးနွေးခြင်းတို့  ဆောင်ရွက်ခဲ့ ကြသည်။


ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားနေ့နှင့် ပတ်သက်သက်သည့် အထင်ကရပုဂ္ဂိုလ်များ၏ မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသား ခေါင်းဆောင်များ၏ အမည်စာရင်းများ၊ ဆောင်းပါး၊ ကဗျာ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)