ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး



MNP - နိုဝင်ဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဒေးဒရဲမြို့နယ် သန့်ရှင်းသာယာစေ ရေးအတွက်  ရုံးနှင့် ကျောင်းပတ်ဝန်းကျင်ရှိ  ခြုံနွယ်အမှိုက်များ ကင်းစင်ရေး လုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဉ်ဆောင်ရွက်သွားရန်၊  မြို့နယ်အတွင်းရှိ ပြည်သူများ အားလုံး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး များ ထိုးနှံပြီးစီးရေး စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်၊ နွေစပါးစိုက်ဧကပြည့်မီရေးနှင့် ဆီထွက်သီးနှံနေကြာ စိုက်ဧကများအထွက် နှုန်းတိုးတက်ရေးအတွက် နည်းပညာများ ဖြန့်ဝေပေးသွားရန်၊ရေငံဝင်ရောက်၍ နွေစပါး မစိုက်ပျိုးနိုင်သော မြေလွတ်နေရာများတွင် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ စီမံ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်သွားရန်၊ တောင်သူများက တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ သည်။


ဆက်လက်၍ တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)