တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်


MNP ၊ နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးတွင်အလိုအပ်ဆုံးအရာသည် လျှပ်စစ်ဓာတ်အားဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းသက်သာစွာဖြင့်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ဒေသတွင် မကြာခင်ကာလအတွင်း လျှပ်စစ်ဓာတ်အား ၂၂ မဂ္ဂါဝပ်ထွက်ရှိနိုင်သော ရေအားလျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး မဂ္ဂါဝပ်အများဆုံးရာချီသောစက်ရုံများ တည်ဆောက်နိုင်ရန်အတွက် စတင်ကာဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်နှင့် မြိတ်ဒေသများတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးနိုင်အောင်ကြိုးစားဆောင်ရွက်နေကြောင်း၊ မဟာဓာတ်အားလိုင်းရရှိမည်ဆိုပါက တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများတိုးတက်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီးအတွင်း ရာဘာ/ဆီအုန်း အခြေခံများရှိပြီး လျှပ်စစ်ဓာတ်အားမလုံလောက်သော ကြောင့် စားအုန်းဆီအနေဖြင့် ဒေသအတွင်းဆီကြမ်းအဖြစ်သာ အများဆုံးထွက်ရှိသည်ကိုတွေ့ရကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမည်ဆိုပါက ဆီချောစက်ရုံများ တည်ဆောက်လာနိုင်ပြီး ဒေသအတွင်းဆီဖူလုံမှုများရှိလာနိုင်ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်လိုအပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကြိုးစားပြီးလုပ်ကိုင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တိုင်းဒေသကြီး MSME အေဂျင်စီလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)