ငပုတောမြို့၌ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အား ဒေသခံပြည်သူများကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အား ဒေသခံပြည်သူများကြိုဆို



MNP - နိုဝင်ဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီးခွန်ဇော် ဦးဆောင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယမန်နေ့ နံနက်  ၁၀   နာရီက ငပုတောမြို့သို့ ရောက်ရှိခဲ့ရာ ငပုတောမြို့ - မြို့မ တံတားတွင် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။  ထိုနောက် ငပုတောမြို့  ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာဆောင်တွင်  ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၄)  ရက်နေ့ထိ (၂)ရက်ကြာ ကုသဆောင်ရွက်ပေးမည်ဖြစ်သည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ အထွေထွေရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊  အရိုးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊   မျက်စိရောဂါနှင့်သွားနှင့်ခံတွင်းရောဂါ စသည့်ရောဂါများကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူများ၊ အကြီးစားခွဲစိတ်လူနာများ၊ မျက်စိခွဲစိတ်လူနာများကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ECG ဖြင့် နှလုံးစမ်းသပ်ခြင်း၊ ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား ပုသိမ်မြိုရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)