မလှိုင်မြို့နယ် ရုံးပင်ဇောက် ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ် ရုံးပင်ဇောက် ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး



MNP - နိုဝင်ဘာ  ၁၃


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း ဦးဆောင်သော မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရုံးပင်ဇောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၊ သန္တိသုခဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေသွေးက ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များနှင့် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၉)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့်လမ်းရရှိရေး ကဏ္ဍ(၄)ခု၊ ပညာရေးကဏ္ဍ(၃)ခု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ရရှိရေးကဏ္ဍ(၁)ခု၊ ရေကျော်ရရှိရေး ကဏ္ဍ(၁)ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် လိုအပ်သည့်လုပ်ငန်း(၉) ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်ပြန်လည် ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး) မှ နိုင်ငံသားစိစစ်ရေးကဒ်ပြားအသစ် (၅)ဦး ဆောင်ရွက် ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဌေးသန်း၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူနှင့် လဝကဦးစီးမှူးတို့က ကာယကံရှင်များထံ ပေးအပ်ခဲ့သည်။ ယင်းနောက်  အခမ်းအနား တက်ရောက်လာသူ ပြည်သူလူထု(၂၀၀)ဦး အနက် (၁၆၅)ဦးအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)