မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာ စီတန်းလှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာ စီတန်းလှည့်လည်







MNP ၊ နိုဝင်ဘာ  ၅

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့ နယ် အဆင့် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာ ပင် များဖြင့် စီတန်း လှည့်လည်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင် ကာ မြို့တစ်ပတ် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။  

ထို့သို့ဆောင်ရွက်ရာတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး ဆောင်၍ ဒုတိယ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင် များဖြင့် စီတန်း လှည့်လည် ရာ တွင် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် အလှူရှင်များမှ စုပေါင်း လှူဒါန်းသည့် ပဒေသာပင် (၃၂)ပင် နှင့် ကထိန်လျာသင်္ကန်း ၊ သင်္ကန်း ပရိက္ခရာများ  ၊ လှူဖွယ် ဝတ္တု ပစ္စည်း များအား မော်တော်ယာဉ် များ ပေါ် တွင် တင် ဆောင်၍  မြို့တစ်ပတ် စည်ကားသိုက်မြိုက်စွာ စီတန်း လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကပ်လှူပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက် ၊ တန်ဆောင် မုန်းလဆန်း(၁၄)ရက်နေ့ နံနက်(၇) နာရီအချိန်တွင် သီရိမင်္ဂလာခန်းမ၌  မြို့နယ်အတွင်း ကထိန် မရရှိသေး သော ကျောင်း ၁၁ ကျောင်း နှင့် ပင်သံဃာ (၃၁)ပါး ကို ဘုံကထိန် ဆက်ကပ် လှူဒါန်းပြုလုပ် ဆောင်ရွက် သွားမည် ဖြစ် ကြောင်းသိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)