(၃၀)ကြိမ်မြောက် ကော့ကရိတ်ခရိုင်/မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၀)ကြိမ်မြောက် ကော့ကရိတ်ခရိုင်/မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ




MNP - နိုဝင်ဘာ   ၅


(၃၀)ကြိမ်မြောက် ကော့ကရိတ်ခရိုင်/မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၇)ရပ်ကွက်၊ လေသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ လေသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တက္ကုန္ဒာဝုဓထံမှ ငါးပါးသီလ ဆောက်တည်ခံယူပြီး သံဃာတော်အရှင်သူမြတ်ထံမှ ပရိတ်တရားတော်များနာယူခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ လေသာကျောင်းတိုက်ဆရာတော်ထံမှ ရေစက်သွန်းချအနုမောဒနာတရား နာယူခဲ့ကြသည်။ အဆိုပါ ကော့ကရိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းစုပေါင်း မဟာဘုံကထိန်သည် နှစ်စဉ် အစဉ်အလာမပြတ် ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်သည် (၃၀)ကြိမ်မြောက်ဖြစ်ကြောင်း ဘုံကထိန်တွင် ပဒေသာပင်နှင့် ကထိန်သင်္ကန်းလှူဖွယ်ဝတ္ထုပစ္စည်းတန်ဖိုးမှာ စုစုပေါင်း( ၈၀၆၆၅၅၅ \.)ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)