ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်  ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့် စိုက်ပျိုးသီးနှံများ အောင်မြင်အောင် စိုက်ပျိုးကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက် ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တရားဥပဒေအစီအမံများ၊ ကျေးလက်လမ်းများ ခင်းကျင်း ရန် လျှာထားမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်ကော်မရှင်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ပုံစံ(၆၆/၆)နှင့် မှတ်ပုံတင်တို့ကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်‌နေမှု၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာ ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အသိပေး ဆွေးနွေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်မှုအား အသီးသီး အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)