ဒလမြို့နယ် ရခိုင်ချောင်(တောင်)ကျေးရွာ၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ် ရခိုင်ချောင်(တောင်)ကျေးရွာ၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ



MNP - နိုဝင်ဘာ  ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ရခိုင်ချောင်(တောင်)ကျေးရွာ၌ အထွက်နှုန်း တစ်ဧကတင်း(၁၀၀)အထက် ထွက်ရှိရေး GW11 စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကောင်းမြတ်မောင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန ဉီးစီးအရာရှိ ဉီးအောင်နိုင်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန ဉီးစီးအရာရှိ ဉီးခင်မောင်ဆွေနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းဉီးစီးဌာန ဉီးစီးအရာရှိ ငြိမ်းသူဟန်နှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၆၀)ဉီး တက်ရောက်ခဲ့ကြသည်။


ထို့နောက်တောင်သူဉီးဇော်ဇော်၏လုပ်ကိုင်ခွင့်ရ ကွင်းအမှတ်(၂၄၄)၊ ဉီးပိုင်အမှတ်(၁ဇ/၂)ရှိ၊ လယ်မြေဧက(၅)ဧက GW11 စံပြကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာ မိုးစပါးတစ်ဧကလျှင် စပါးအမှန်အစိုထွက်တင်း(၁၃၅.၂၅)တင်းထွက်ရှိကြောင်း သတင်းရရှိပါသည်။


သတင်း - မြင့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)