ကျောက်မျက်၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းအပေါ် အခွန်ကောက်ခံမှုအား ပြန်လည်သုံးသပ်ပေးရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မျက်၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းအပေါ် အခွန်ကောက်ခံမှုအား ပြန်လည်သုံးသပ်ပေးရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဆွေးနွေး



MNP ၊ နိုဝင်ဘာ ၁၂

ယမန်နေ့က ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ကျောက်စိမ်း တရားမဝင်တူးဖော်နေမှုများအား အရေးယူဆောင်ရွက်ပေးရေး၊ ကျောက်မျက်၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းအပေါ် အခွန်ကောက်ခံမှုအား ပြန်လည်သုံးသပ်ပေးရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကျောက်စိမ်း တရားမဝင်တူးဖော်နေမှုများအား အရေးယူဆောင်ရွက်ပေးရေး၊ ကျောက်မျက်၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းအပေါ် အခွန်ကောက်ခံမှုအား ပြန်လည်သုံးသပ်ပေးရေး၊ နိုင်ငံတော်အနေဖြင့် သတ်မှတ်အခွန်ကောက်ခံ၍ မြေရှားသတ္တုတူးဖော်ခွင့်ပြုရေး ဆွေးနွေးခဲ့ကြသည့်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တရားမဝင် ကျောက်စိမ်း၊ မြေရှားသတ္တု တူးဖော် ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ် ထိန်းသိမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)