ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အရှိန်မပျက်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အရှိန်မပျက်ဆောင်ရွက်ပေး

 


MNP - နိုဝင်ဘာ   ၂


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်‌ဆောင်မိခင်နှင့် ကလေးများ၏ ကျန်းမာရေးအတွက် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ အရှိန်မပျက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ရာတွင် ပြည်သူ့ကျန်းမာရေးကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်း ဦးဆောင်သော ဆရာ ဆရာမများက မွေးကင်းစမှစ၍ ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ အရွယ်အထိ ဘီစီဂျီ၊ အသည်းရောင်အသားဝါဘီ၊ ပိုလီယို၊ ပီစီဘီ၊ ငါးမျိုးစပ်၊ ဝက်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စသည့် ဆေးထိုး ဆေးတိုက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။


လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ဆောင်ရွက်ပေးရာတွင် ရေဦးမြို့နယ်အပြင် အခြားမြို့နယ်များမှ ဆေးထိုးဆေးတိုက်လာကြသည့် မိခင်နှင့်ကလေးများလာသည့်အတွက် နှစ်ရက်ဆက်တိုက်‌ ဆေးထိုးဆေးတိုက်ပေးလျက်ရှိရာ မွေးကင်းစမှ ကိုးလအထိ ကလေးစုစုပေါင်း ၁၂၀၀ ဦး ဆေးထိုး ဆေးတိုက်ပေးနိုင်ခဲ့ကြောင်း သူနာပြုဆရာမကြီးက ပြောသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)