ဗုဒ္ဓမြတ်စွယ်တော် (၁၃၃) ကြိမ်မြောက် မြို့တွင်းသို့လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓမြတ်စွယ်တော် (၁၃၃) ကြိမ်မြောက် မြို့တွင်းသို့လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ ၁၄


မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၁၃၃) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က သတ္တဌာနဘုရားဝန်းအတွင်းရှိ ဓမ္မာရုံတွင်ဆောင်ရွက်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘုရားကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ် က ပွဲတော်ဖြစ်မြောက်ရေး အစဉ်အလာ မပျက်ကျင်းပရန် လျောက်ထားပေးခဲ့ပြီး မြခဲတောင်ကျောင်းတိုက်ဆရာတော်မှ ပွဲတော်ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ မိန့်ကြား ပေးခဲ့သည်။


ထို့နောက် သတ္တဌာနဘုရားကြီး၏ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းရွှေက ပွဲတော်ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ လျောက်ထားပေးခဲ့ပြီး ဂေါပကအတွင်းရေးမှူး ဦးတင်ထွဋ်က (၁၃၃)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လိုသည်များအား တင်ပြရာတွင် ဒီဇင်ဘာလ (၂၉) ရက်နေ့၌ မြို့တွင်းသို့ ဗုဒ္ဓမြတ်စွယ်တော် စည်းကားသိုက်မြိုက်စွာ လှည့်လည် အပူဇော်ခံနိုင်ရေးနှင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် မြို့ပေါ်ရှိ  သံဃာတော်(၇၆)ပါးနှင့် သီလရှင်(၆၇)ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးကို တင်ပြဆွေးနွေးခဲ့ရာ အလင်းရောင်ကျောင်းတိုက်ဆရာတော်က ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့လှည့်လည် အပူဇော်ခံရာတွင် ယိမ်းအကအလှများနှင့် အပူဇော်ခံဆောင်ရွက်မည်ဆိုပါက မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့သည်။


ဆက်လက်၍ အနောက်ရပ်တောင်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ယခင်ကျင်းပခဲ့သည့် (၁၃၀)ကြိမ် မြောက်လှည့်လည်အပူဇော်ခံရာတွင် ဘုရားကြီးမှယိမ်းတစ်ယိမ်းလျှင် ငွေကျပ်(၁၀)သိန်း ထောက်ပံ့၍ ရပ်ကွက်မှငွေကျပ်သိန်း (၃၀) အလှူခံရကြောင်းနှင့် ယခုနှစ်ဆောင်ရွက်ရန် ငွေကြေးအခတ်အခဲရှိပါကြောင်း တင်ပြဆွေးနွေးခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိတ္တတု ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)