တောင်ကုတ်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးပြည်သူများ စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးပြည်သူများ စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိ





MNP ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့ယနေ့ ညနေပိုင်းမှစ၍ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများ၊ရပ်ကွက်အလိုက်စတုဒီသာ ကျွေးမွေးလှူဒါန်း သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

တောင်ကုတ်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် မြို့မကျက်သရေဆောင်ဖောင်တော်ဦးစေတီတော် ၊ အာလိန်ငါးဆင့်ဘုရားနှင့်စေတျာရာမကျောင်းတိုက်အတွင်းရှိ မဟာဗောဓိစေတီတော်တို့တွင် ဆီမီး ၊ ပန်း ၊ ရေချမ်းကပ်လှူပူဇော်သူများ ၊ဘုရားဖူးလာပြည်သူများဖြင့်စည်ကားလျက်ရှိပြီး ရပ်ကွက်များ၌လည်း ရောင်စုံ မီးများထွန်းညှိထားရှိပြီး စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေသည် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူး နေ့မြတ်တစ်နေ့ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်သည့် ပွဲတော်ဖြစ် သကဲ့သို့ ကထိန်သင်္ကန်းကပ်လှူခွင့်ရသောနောက်ဆုံးနေ့ဖြစ်ခြင်း ၊ ဘုရားရှင်က အဇာတသတ်မင်း ကြီး အမှူးပြုသော ပရိတ်သတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်း ပြုရအကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့ မြတ် ဖြစ်ကြောင်းကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)