စလင်းမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့် အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့် အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ




MNP - နိုဝင်ဘာ   ၁၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လမ်းညွှန်မှုဖြင့် စလင်းတပ်နယ်မှ အခြေခံစားသောက်ကုန်ပစ္စည်း(၈)မျိုးအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ဝင်ငွေနည်းပါးသော ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန်ဟင်းသီးဟင်းရွက်နှင့် အသားများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းခြပေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါဝင်ငွေနည်းပါးသည့် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် အိမ်ထောင်စုတစ်စု လျင်ဆန်တစ်ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရောင်းချပေးရာတွင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည် ၁၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သား ၃၀၀၀ ကျပ်၊ အမဲသား၂၅ကျပ်သား၂၀၀၀ကျပ်၊ ဝက်သား၂၅ကျပ်သား၂၀၀၀ကျပ်၊ အာလူး ၅၀ ကျပ်သား ၉၀၀ကျပ်၊ ကြက်သွန်နီ၅၀ကျပ်သား ၁၅၀၀ကျပ်၊ ခရမ်းချဉ်သီး ၅၀ကျပ်သား ၉၀၀ကျပ်၊ ကြက်ဥ ၆ လုံး ၁၀၀၀ကျပ် ထိုသို့ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဗိုလ်မှူးထင်လင်းအောင် စလင်းမြို့နယ် ခေတ္တရဲမှူးကြီး ကျော်စိုးခိုင်နှင့်ဌာနဆိုင်ရာများမှ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။


ထိုသို့ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဗိုလ်မှူးထင်လင်းအောင်၊ စလင်းမြို့နယ် ခေတ္တရဲမှူးကြီး ကျော်စိုးခိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်က ရောင်းချပေးနေမှုများကို ကြည့်ရှုခဲ့ပြီး ပြည်သူများက စည်းကမ်းတကျ အခြေခံစားသောက်ကုန်များကို ဝယ်ယူအားပေးကြကြောင်းဖြင့် ပြည်သူများအား စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း ရောင်းချခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)