MNP - နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က စာဖတ်ဝိုင်းများ လစဉ်ပြုလုပ်ပေးနေမှုနှင့် စာဖတ်ဝိုင်းအပြင် ဟောပြောဆွေးနွေးပွဲများ၊ Online အစီအစဉ်များဖြစ်သည့် လူမှုရေး/ ကျန်းမာရေး/ ပညာရေးနှင့် စီပွားရေး/ စိုက်ပျိုးရေးဆိုင်ရာ ပညာပေး အစီအစဉ်များ အပတ်စဉ် ဆောင်ရွက်ပေးနေမှုအခြေအနေ များကို ရှင်းလင်းပြောကြားပြီး၊ စာဖတ်ဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် စာပေဝါသနာရှင်တစ်ဦးဖြစ်သည့် မပြုံးမမက စာရေးဆရာ သရဝဏ်(ပြည်)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညို တို့ရေးသားသည့် လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင် စာအုပ်မှ သရဝဏ်(ပြည်) ရေးသားသည့် လူငယ်နှင့်မူးယစ်ဆေးဝါး ဆောင်းပါးကို ဖတ်ကြား၍ ဆောင်ပါးပါ အကြောင်းအရာများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်၊ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူနှင့် ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် လူငယ်များ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - နေအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment