MNP ၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစီစစ်ဖော် ထုတ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှုစီစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို နိုဝင်ဘာ (၁၂)ရက် နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လူကုန်ကူးမှုစီစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြေကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှ ရဲအုပ်သန်းဌေး က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစီစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှ ရဲအုပ် သန်းဌေး က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးနှင့်ပတ်သက်သည့် နိုင်ငံတကာနှင့်မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ၊ လူကုန်ကူးမှုစီစစ်ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို မြို့နယ်အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် ဈေးရပ်ကွက်၊ ဈေးတောင်ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လေယာဉ်ကွင်းရပ် ကွက်၊ အမ်းတောင်အုပ်စု၊ အမ်းမြောက်အုပ်စု၊ အောက်ရွာအုပ်စု၊ စပ်စီအုပ်စု၊ လုံးကောက် အုပ်စု၊ စခန်းမော်အုပ်စု၊ ဂါယ်လောင်းအုပ်စုများမှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစီစစ်ဖော်ထုတ် ရေးအဖွဲ့ဝင်များ သင်တန်းသား(၇၀)ဦးအား ဆွေးနွေးပို့ချကာ ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြသ ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment