မုံရွာမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၂


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက  မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် ဝန်ထမ်းများ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက " အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖြစ်စဉ်သမိုင်း နှင့်စပ်လျဉ်းပြီး နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မ(၃)ဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို သုံးစွဲ ဆောင်ရွက်ရာတွင် ဥပဒေပြုရေးနှင့် တရားစီရင်ရေးမှအပ အုပ်ချုပ်ရေးအာဏာ ကျင့်သုံး ဆောင်ရွက်ရသည့် လုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော "တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများအကောင်အထည်ဖော် ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖော်ဆောင်ရေး၊ ပြည်သူဗဟိုပြုဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး" စံတန်ဖိုး(၆)ရပ်ဖြစ်သော "ထိရောက်မှုနှင့် စွမ်းရည်ပြည့်ဝမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ပြည်သူလူထု ယုံကြည်အားထားမှု၊ တန်းတူညီမျှ အားလုံးပါဝင်မှု၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေမှု" စသည့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းနှင့် "နိုင်ငံတော်မူဝါဒလိုက်နာရေး၊ အခြေခံသဘောတရားနှင့် ကိုက်ညီရေး၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်စေရေး" အစရှိသည်တို့ကို ကိုင်စွဲကာ သစ္စာရှိစွာ၊ တာဝန်ကျေပွန်စွာ၊ စည်းကမ်း စနစ်တကျရှိစွာဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း" ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး တာဝန်ရှိသူများနှင့် အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင်ပွဲကို ဆက်လက် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(၂) တွင် ပထမဆုရရှိသည့် ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြတ်၊ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ရုံးလုပ်ငန်းစွမ်းဆောင်မှုဆိုင်ရာ စံပြဝန်ထမ်းဆုရရှိသူ ဒေါ်ခိုင်ခိုင်မြင့်၊ ရုံးလုပ်ငန်းတာဝန်ကျေပွန်မှုနှင့် လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှု ထူးချွန်ဆုရရှိသူ ဝန်ထမ်း ဒေါ်မေနှင်းကိုကိုနှင့်  ပေးအပ်သည့် လုပ်ငန်းတာဝန်ကို ပျက်ကွက်မှုမရှိ၊ ကျေပွန်စွာ ထမ်းဆောင်မှု အထူးဆုရရှိသည့် ဝန်ထမ်းဒေါ်ဌေး တို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁) ရေးဖြေစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း(၃)ဦးအား ဂုဏ်ပြု ထောက်ပံ့ငွေများကို လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၄၉)ဦးအား တူညီဝတ်စုံနှင့် ဆန်၊ ဆီ၊ ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ မဲဖောက်လဲလှယ်ပေးအပ်ခဲ့သည်။ 


ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ဝန်ထမ်းများအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကံစမ်းမဲများ ဖောက်ပေး၍ ဆုများပေးအပ်ခဲ့ပြီး တက်ရောက်လာသော ခရိုင်ဥပဒေအရာရှိက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်း များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)