တန်ဆောင်မုန်းလပြည့်နေ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားများ ဘုရားဖူးပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားများ ဘုရားဖူးပြည်သူများဖြင့် စည်ကား



MNP - နိုဝင်ဘာ  ၇


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၇)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်ဝင်ဘုရားကြီးများထဲမှ ကောင်းမှုတော်ဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်ဘုရားကြီးသည် စစ်ကိုင်းမြို့၏ မြောက်ဘက် (၆) မိုင် ခန့်အကွာတွင် စစ်ကိုင်း- မုံရွာ- ရွှေဘိုသွား ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး ဘုရားဖူးပြည်သူများ လွယ်ကူစွာ ဝင်ရောက်ဖူးမြော်နိုင်ကြသည်။


“ ကျွန်မတို့က ကျောက်ပန်းတောင်းမြို့ကနေ လာရောက်ပြီး စစ်ကိုင်းမြို့ရဲ့ ဘုရားတွေကို ဖူးမြော်နိုင်ဖို့ သူငယ်ချင်းမိသားစုဝင်တွေနဲ့အတူ လာရောက်ကြတာပါ စစ်ကိုင်းမြို့မှာရှိတဲ့ သမိုင်းဝင် ဘုရာတွေကိုစုံလင်အောင် ဖူးမြော်သွားမှာပါ ဘုရားဖူးလာချင်နေတာကြာပါပြီ ယခင်က ကိုဗစ်-၁၉ ရောဂါတွေနဲ့ဆိုတော့ မလာဖြစ်ခဲ့ကြဘူး အခုတော့မိသားစုတွေရဲ့ ဆန္ဒတွေပြည့်ဝသွားပါပြီ--စစ်ကိုင်း တောင်ရိုးမှာရှိတဲ့ ဘုရားတွေကိုလည်းဖူးမြော်သွားမှာပါ အသိဘုန်းတော်ကြီးကျောင်းမှာ ညအိပ်ပြီး ဘုရားတွေစုံအောင် ဖူးမြော်သွားမှာပါ” ဟု မစန်းစန်းဝင်းက ပြောပြ၍ သိရသည်။


အလားတူ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် ဘုရား၊ ဥမှင်သုံးဆယ်ဘုရား၊ ရှင်ဖြူရှင်လှ ဘုရားကြီးများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိပြီး စတုဒီသာကျွေးမွေးသူများ၊ ကောင်းမှု/ ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)