စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်





MNP ၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ ပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပပြုလုပ်သော ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့‌ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းရင်းသား ဘာသာစကားသင်ဆရာ၊ ဆရာမများအတွက် ယခုလို အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ကျင်းပပေးခြင်းအားဖြင့် ဆွေးနွေးပွဲမှရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိတို့ဒေသအတွင်း အကျိုးပြုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင်ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် (၅)သိန်း ကိုပေးအပ်ရာ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းသိမ်းမှ လက်ခံရယူခဲ့သည်။


ထို့နောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းသိမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် တိုင်းရင်းသား ဘာသာစကားသင် ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားဘာသာ စကားသင် ဆရာ၊ ဆရာမများ၏ “တို့ပြည်ထောင်စုသား သီချင်းဖြင့် သီဆိုဖျော်ဖြေမှု၊ ရှမ်းတိုင်းရင်းသားများ၏ အကအလှများဖြင့် ဖျော်ဖြေမှုနှင့် နာဂတိုင်းရင်းသားများ၏ အကအလှများဖြင့် ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဂုဏ်ပြုငွေကျပ် (၅)သိန်းနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ဂုဏ်ပြုငွေကျပ် ( ၅ )သိန်းတို့ကို သီဆိုကပြဖျော်ဖြေပေးသော တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအား ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။


အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကို နိုဝင်ဘာ (၈)ရက်နေ့မှ စတင်ခဲ့ရာ နိုဝင်ဘာ(၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)