ကျောက်ဖြူမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကျင်းပပြုလုပ်သည့် (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကျင်းပပြုလုပ်သည့် (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ပြုလုပ်











MNP ၊  နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကျင်းပပြုလုပ်သည့် (၂၁)ကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။


ဦးစွာ အခမ်းအနားကို ‘နမောတဿ’ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပြီး ကျောက်ဖြူ မြို့၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ နဂါးကျောင်းပဓာနနာယကဆရာတော် ဘဒ္ဒန္တစက္ကိန္ဒာ ဘိဝံသ  မဟာထေရ်မြတ်ထံမှ တက်ရောက်လာသည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရာတော်များ ရွတ်ပွား သရဇ္ဇျာယ် ချီးမြှင့်တော်မူသည်။ 


ယင်းနောက် ဆရာတော်သံဃာတော်အရှင်မြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသမီးရေးရာအဖွဲ့ ဝင်များက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ၊ ပဒေသာပင်များအားဆက်ကပ်လှူဒါန်းရာ လှူဒါန်း မှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ငလပွေ့ကျောင်း ပဓာနနာယက ဆရာတော်  ဘဒ္ဒန္တအဂ္ဂဓမ္မမှ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု’ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများ ကို စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)