မိုင်းဖြတ်မြို့နယ်၌ (၃၁)ကြိမ်မောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ စီတန်းလှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ (၃၁)ကြိမ်မောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ စီတန်းလှည့်လည်



MNP - နိုဝင်ဘာ ၇


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  (၃၁)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာ စုပေါင်းမဟာဘုံကထိန်  ပဒေသာပင်များ စီတန်းလှည့်လည်ခြင်းကို  ယမန့်နေ့ မွန်းလွဲ ၂နာရီက ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။


ထို့သို့ ပဒေသာပင်များ စီတန်းလှည့်လည်ရာတွင်ဌာနဆိုင်ရာများ၊မြို့သူမြို့သားများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်နှင့်ကျေးရွာများ၊ အလှူရှင်များက  ပါဝင်လှူဒါန်းထားသည့် ပဒေသာပင် (၂၇)ပင်ကို  မော်တော်ယာဉ်များဖြင့်သယ်ဆောင်ပြီး  မြန်မာသံစဉ်သီချင်းများတီးခတ်၍ ဦးရွှေရိုးအကအဖွဲ့နှင့် တေးသီးချင်းများဖွင့်လှစ်၍ ပျော်ရွှင်စွာဖြင့် အထက(မိုင်းဖြတ်)ကျောင်းရှေ့မှ စတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တာချီလိတ်-မိုင်းဖြတ်-မိုင်းယောင်းသွား လမ်းဆုံထိ လည်းကောင်း ထိုမှတစ်ဆင့် ဟိုနားကျေးရွာ မိုင်းဖြတ်မြို့အထွက်ထိလည်းကောင်း၊ ထိုမှတစ်ဆင့် ဝမ်နောင်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ အလှူရှင်များက ပါဝင်လှူဒါန်းထားသည့် ပဒေသာပင်များကို ယနေ့ တန်ဆောင်တိုင် လပြည့်နေ့ နံနက်ပိုင်းတွင် ဝမ်နောင်ဘုန်းတော်ကြီးကျောင်း၌ သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)