ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် သွားရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် သွားရောက်ပေးအပ်

 




MNP ၊ နိုဝင်ဘာ  ၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေါက်တောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုး နှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြကြောင်းသိရသည်။


ပေါက်တောမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလအတွက် ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို  ၄၅၈ ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်ဖြင့် စုစုပေါင်း တစ်ရာသုံးဆယ့်ငါးသိန်းသုံးသောင်းကျပ် တိတိကို အသီးသီးပေးအပ်ကြကြောင်းသိရသည်။


ထို့ပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့်အသီးသီး ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)