နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်နှင့်ဂဟေသင်တန်း ၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်နှင့်ဂဟေသင်တန်း ၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်






MNP ၊ နိုဝင်ဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှု လက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌  ယနေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၈)၊ လျှပ်စစ် နှင့် ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၃)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၇)စသည့်သင်တန်းများဖွင့်ပွဲအခမ်းအနားကို အဆိုပါ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။


အခမ်းအနားတွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်း(ကျောက်ဖြူ)ကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့တွင် ကျောင်းဖွင့်ပွဲနှင့်အတူ သင်တန်းအမှတ်စဉ် (၁/၂၀၁၅)ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုသင်တန်းကျောင်းကို နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ် များအတွက် ဒေသတွင်းစက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန်၊ စက်မှု လက်မှုပညာရပ်များတတ်မြောက်၍ သင်တန်းတက်ရောက်ပြီးသွားပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင် ခြင်းဖြင့် စားဝတ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း စသည့် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)မှ ကျောင်းအုပ် ဦးတင်ဝင်းမှ သင်တန်းဖွင့်လှစ်ပို့ချပေးသည့်ရည်ရွယ်ချက်များ၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။  


အဆိုပါ သင်တန်းများတွင် လက်သမား၊ပန်းရံ၊ သံချည်သံကွေးဘာသာရပ်၌ သင်တန်းသား(၅)ဦး၊ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနှင့် အဲယားကွန်းပြုပြင်ခြင်းဘာသာရပ်၌ သင်တန်းသား(၁၀)ဦး၊ ဂဟေဘာသာရပ်၌ သင်တန်း သား(၁၀)ဦး၊ မော်တော်ယာဉ်စက်ပြင်ဘာသာရပ်၌ သင်တန်းသား(၂၀)ဦး၊ လက်ကိုင်ဖုန်းပြင်ဘာသာရပ်၌ သင်တန်း သား(၅)ဦး၊ စုစုပေါင်းသင်တန်းသား(၅၀) တို့မှ တက်ရောက်သင်ယူလျှက်ရှိပြီး သင်တန်းနည်းပြဆရာ(၅)ဦးတို့မှ ရက်သတ္တပတ် (၂၂)ပတ်ကြာ စာတွေ့/လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)