တောင်ကုတ်မြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာလှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာလှည့်လည်





MNP ၊ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် အမှတ်(၁)၊အခြေခံပညာအထက်တန်း ကျောင်း ၏(၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ စီတန်း လှည့်လည် ခြင်းကို ယနေ့နံနက်(၇)ရီအချိန်ကအဆိုပါကျောင်းရှေ့မှ စတင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့် လည်ရာတွင် တန်းခွဲအလိုက်ပဒေသာပင်(၃၅)ခုကို ကျောင်းသားများကလည်းကောင်း၊ အရံကထိန်သင်္ကန်း (၃၅၀)စုံနှင့်အလှူဝတ္တုများကိုဆရာ၊ ၊ ဆရာမများနှင့်ကျောင်းသူများကလည်းကောင်း ကိုင်ဆောင်၍ ရခိုင် စည်တော် အပါအဝင် အတီးအမှုတ်အက အခုန်များ ဖြင့်စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ ကြရာ လမ်းတစ်လျှောက်ရှိ ကထိန်လှည့်လည်ပွဲ ကြည့်ရှုသူများဖြင့်အထူးစည်ကားခဲ့သည်။

အမှတ်(၁)အခြေခံပညာအထက်တန်း‌‌ကျောင်း၏ စုပေါင်းမဟာဘုံကထိန်ကို သိမ်တောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်ရှိ ပုရိမဝါမှထမမြောက်ကြသည့်ရဟန်းသံဃာတော်များနှင့်ပင့်သံဃာများ အား ကပ်လှူ ပူဇော်မည်ဖြစ်ပြီး စုစုပေါင်းအလှူငွေတန်ဖိုးမှာ ကျပ်(၁၈၅)သိန်းရှိကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမွှေးလှဖြူထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)