ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စုတွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးနည်း စနစ်ပညာပေး ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စုတွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးနည်း စနစ်ပညာပေး ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ  ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ အလယ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနည်းစနစ်ပညာပေး ဆွေးနွေးပွဲနှင့် စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။


အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးဝင်းစိုးမှ နေကြာသီးနှံစိုက်ပျိုးခြင်းနှင့် ပက်သက်၍ တောင်သူများ အား ပညာပေးဆွေးနွေးကာ ကန်ထရိုက်လယ်ယာစနစ်နှင့် ပက်သက်၍ လည်း တောင်သူများအား ရှင်းပြခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ငွေဆောင်မြို့ဦးစီးမှူး ဦးလှိုင်မျိုးသန့်မှ နေကြာစိုက်ပျိုးရခြင်းအတွက် ရည်ရွယ်ချက်များနှင့် မျိုးရွေးချယ်ခြင်း များအား တောင်သူများကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် အလယ်ရွာကျေးရွာ အုပ်စုမှ တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားသို့ အလယ်ရွာကျေးရွာအုပ်စုမှ တောင်သူ ၄၉ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)