ရသေ့တောင်မြို့၌ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ



MNP - နိုဝင်ဘာ   ၂


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ဌာနဆိုင်ရာ စုပေါင်း (၂၂) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် (၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဌာနဆိုင်ရာစုပေါင်း (၂၂) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိုကြောင်း၊ ယခင်နှစ်များက အတွေ့အကြုံများကိုအခြေခံ၍ ဘုံကထိန်ပွဲတော်ကြီး ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။


ဆက်လက်၍ ငါးလုပ်ငန်းဦးစီး ဦးစံအောင်ကျော်မှ ကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပွဲဖြစ်မြောက်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊ ဘဏ္ဍာ ငွေကောက်ခံရေးကော်မတီ၊ ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့မှ တာဝန်ရှိ သူများက ယခင်နှစ်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က လိုသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ရက် သတ်မှတ်နိုင်ရေးအတွက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ညှိနှိုင်းတိုင်ပင်၍ မြို့နယ်ထွေအုပ်ခန်းမတွင် ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ပြီးမြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲကိုပါ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်


သတင်း - ထွန်းလင်းကျော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)