မြောင်းမြတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်



MNP - နိုဝင်ဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ အသေးစားစက်မှုလက်မှုဦးစီးဌာနက မြောင်းမြမြို့အတွင်း တစ်ပိုင်တစ်နိုင်အိမ်တွင်း ကုန်ထုတ်လုပ်ငန်းများ ထူထောင် လုပ်ကိုင်နိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းကို မင်းကျောင်းကြီးကျောင်းတိုက်တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဖွင့်လှစ်သင်ကြားပေးမည့်သင်တန်းများမှာ အခြေခံစက်ချုပ်ပညာသင်တန်း (တစ်လတာကာလ သင်တန်း)၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅ ရက်တာကာလ သင်တန်း)နှင့် ယိုးဒယားခြင်းထိုးနည်းသင်တန်း (၁၀ - ရက်တာကာလ သင်တန်း)တို့အား ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို စိတ်ပါဝင်စားသူ လူငယ်လူရွယ်များအနေဖြင့် လူဦးရေ ကန့်သတ်ထားပါသဖြင့် မြောင်းမြခရိုင် အသေးစား စက်မှုလက်မှုဦးစီးဌာနတွင် (၁၅-၁၁-၂၀၂၂) ရက်နေ့မှစတင်၍ လာရောက် စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် ဖုန်းနံပါတ် ၀၉-၉၆၅၂၂၆၁၃၉ သို့လည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။


အဆိုပါသင်တန်းများအား နံနက် (၉:၃၀)မှ ညနေ (၄:၃၀)အထိ စာတွေ့ လက်တွေ့ သင်ကြားမည်ဖြစ်ပြီး လုပ်ငန်းထူထောင်လိုပါကလည်း လိုအပ်သောအကြံဉာဏ်များ ကူညီပံ့ပိုးပေးခြင်းများ ဆောက်ရွက်ပေးသွားမည့်အပြင် လိုအပ်သည့် ကုန်ကြမ်းများလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)