စုကလိမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာလုံးပေါင်းသတ်ပုံအမှန်ရေးပြိုင်ပွဲနှင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စုကလိမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာလုံးပေါင်းသတ်ပုံအမှန်ရေးပြိုင်ပွဲနှင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်

 


MNP -  နိုဝင်ဘာ   ၁၅


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုဝင်ဘာလ(၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စာလုံးပေါင်းသတ်ပုံအမှန်ရေးပြိုင်ပွဲနှင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးပြီး မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရေးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း(စုကလိ)မှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား နိုဝင်ဘာ ၁၆ ရက်နေ့တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။


ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြောင်း သိကောင်းစရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြဘုတ်အဖြစ်ပြသဆောင်ရွက်ထားရာ ထိုပြဘုတ်တွင် အမျိုးသားနေ့ပေါ်ပေါက်လာပုံသမိုင်း၊ အမျိုးသားကျောင်းများတွင်တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းအုပ်ကြီးများ၊ ခေတ်အဆက်ဆက်အမျိုးသားနေ့နှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းအမျိုးမျိုး ကဗျာ၊ ဆောင်းပါးတို့ကို ဝေဝေဆာဆာပြသထားရာ မြို့နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ပိုပိုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)