MNP ၊ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ ရသင့်ရထိုက်သော အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ပြုလုပ်ရသော အစည်းအဝေးဖြစ်ပါကြောင်း၊ကလေးသူငယ်အမှုကိစ္စရှိလာပါက လူမှုဝန်ထမ်းဦးစီးဌာန ကိုချက်ချင်းအကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သော်တာခိုင်မှ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်သန်းဝင်း၊မြို့နယ်တရားသူကြီး ဦးဖြိုးစည်သူ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်သော်တာခိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်သန်းနှင့် ဌာနဆိုင်ရာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment