နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်





MNP ၊ နိုဝင်ဘာ  ၉

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွား၍ တစ်ပိုင် တစ်နိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းငယ်(Micro)များ ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် MSME Association (နေပြည်တော်)တို့ ပူးပေါင်း၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်‌တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားလုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် နည်း ပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမှန်ကန်မှုရှိစေရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်နေလျက် ရှိသိအပြင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု(One Village One Product-OVOP) လုပ်ငန်းများ ပေါ်ထွန်းလာရေးကိုလည်း ဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် Digital Marketing Platformများမှာ လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ မြို့ပြနှင့်ကျေးလက်ဒေသရှိ MSME လုပ်ငန်းများအား Value Added လုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ စွန့်ဦးတီထွင် လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်သည့် လုပ်ငန်းများနှင့် ရေရှည်တည်တံ့သော MSME လုပ်ငန်းများ ဖြစ်စေရေးအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ကျေးလက်နှင့် မြို့ပြရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME Agency အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းပံ့ပိုးကူညီ ဆောင်ရွက်သွားရမှာဖြစ်သလို MSME လုပ်ငန်းရှင် များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းက ဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များအား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြ သည်။


ယင်းနောက် တက်ရောက်လာသည့် သင်တန်းသားတစ်ဦးချင်းစီက မိတ်ဆက်စကားပြောကြားပြီး၊ အသင်းမှ ဌာနသို့ အလှူ‌ငွေပေးအပ်ခြင်းနှင့် အသင်းသို့ သင်တန်းကုန်ကျစရိတ် လှူဒါန်းပေးသော လုပ်ငန်းရှင်နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။


အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၆)ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ဖျော်ရည်မျိုးစုံ၊ ယိုမျိုးစုံ၊ ရေခဲမုန့်နှင့် ပေါက်ပေါက်ပြုလုပ်နည်းတို့ကို (၅)ရက်အကြာ စာတွေ့/လက်တွေ့ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် MSME Association (နေပြည်တော်)တို့ ပူးပေါင်း၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်း ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် Value Added လုပ်ငန်းများ၊ သွင်းကုန်အစား ထိုးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများ၊ လုပ်ငန်းများနှင့် ရေရှည်တည်တံ့သော MSME လုပ်ငန်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)