ဖျာပုံမြို့၌အကြိမ် (၃၀)မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌အကြိမ် (၃၀)မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ



MNP - နိုဝင်ဘာ ၅ 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၇) ရပ်ကွက် ညောင်တုန်းကျောင်းအား အမှူးထား၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အကြိမ် (၃၀) မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုပေါင်းလှူဒါန်းသော ငွေကျပ်သိန်းပေါင်း (၃၀၀) ကျော် တန်ဖိုးရှိ စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်ရတနာ့သိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။

အခမ်းအနားသို့ ကြွရောက်တော်မူကြသော ဆရာတော်ကြီးများ ၊ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့ပေါ် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြည်သူများက

နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ဖျာပုံမြို့ ထန်းပင်ကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လ(နိုင်ငံတော်သြဝါဒါစရိယ)က ငါးပါးသီလ ခံယူဆောက်တည်တော်မူကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဓျယ်တော်မူကြသည်။

ထို့နောက် ဖျာပုံမြို့အမှတ် (၇)ရပ်ကွက်၊ ညောင်တုန်းကျောင်းတွင် ပုရိမ ဝါဆိုဝါကပ်၍ ပုရိမဝါမှထမြောက်တော်မူကြသည့်သံဃာတော်များကိုယ်စား၊ ထန်းပင်ကျောင်းဆရာတော်မှ ကထိန်လျာဉာတ်သင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများအား၊ ကထိန်လျာအရံသင်္ကန်းများကို ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး၊ ထန်းပင်ကျောင်းဆရာတော်ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူကာ၊ ကောင်းမူကုသိုလ်တို့အား ရေစက်သွန်းချ အမျှပေးဝေကြသည်။


ဖျာပုံမြို့အကြိမ် (၃၀)မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ  စုပေါင်းလှူဒါန်းသော မဟာဘုံကထိန်လှူဒါန်းရာတွင် ပစ္စည်းပဒေသာပင်၊ ငွေပဒေသာပင်(၅၄)ခုမှ စုစုပေါင်း တန်းဖိုးငွေကျပ် (၃၇၆၉၈၇၀၀)သိန်းအား ကြွရောက်တော်မူလာကြသော၊ ဆရာတော်အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းတော်မူကြကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)