ကော့သောင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၁၁


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက် (၉) နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်ပညာရေးမှူးဒေါ်သန်းစိုးက ပညာရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည် အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များပြုစု ပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှု သည်လည်း အလွန်အရေးကြီးသဖြင့် စီမံခန့်ခွဲမှု ကောင်းမွန်မှသာ ပညာရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတာဝန် ထမ်းဆောင်ရာဒေသ၏ သင်ကြားသင်ယူရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို အချင်းချင်းဖလှယ်ခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ သင်ယူပြီး ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်ပြောကြားခဲ့သည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့  ကော့သောင်းမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စုစုပေါင်း (၉၉) ဦး တက်ရောက်ခဲ့ကြပြီး  ပညာရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း လုပ်ငန်းရပ်များကို ကဏ္ဍအလိုက် နံနက်(၉)နာရီမှ ညနေ(၄) နာရီအထိ   (၂)ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)