MNP - နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက နေကြာမျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေး ဆွေးနွေးပွဲကို လှည်းကူးမြို့နယ် ဒါးပိန်တောင်ကျေးရွာအုပ်စု၊ ရွှေတောင်ပံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေကြာမျိုးစေ့များပေးအပ်ခြင်းနှင့် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံကိုလျာထားချက် ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံစိုက်ပျိုးရေးနည်း စနစ်များအကြောင်းကို ရှင်းလင်းပြောကြားပြီးနေကြာမျိုးစေ့များကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။ ထို့နောက်နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့် နေကြာသီးနှံစိုက်ပျိုးရေးအကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - အေးအေးနွဲ့
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment