မိုးနဲမြို့နယ်၌ အခြေခံပညာ ထက်/လယ်/မူကျောင်းအုပ်ကြီးများ အုပ်ချုပ်မှုစွမ်းရည်မြှင့် သင်တန်းဖွင့် - MyanmarNationalPost

.com/img/a/

News Agency

demo-image

မိုးနဲမြို့နယ်၌ အခြေခံပညာ ထက်/လယ်/မူကျောင်းအုပ်ကြီးများ အုပ်ချုပ်မှုစွမ်းရည်မြှင့် သင်တန်းဖွင့်

55


MNP - နိုဝင်ဘာ ၁၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊အလယ်တန်း နှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ ခေါင်းဆောင်မှုအရည် အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံ ပညာကျောင်းအုပ်ကြီးများ အုပ်ချုပ်မှု စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ ကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က  အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။


ရှေးဦးစွာ နေပြည်တော်တွင် သင်တန်းတက်ရောက်သင်ကြားလာ‌ခဲ့သော မိုးနဲမြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိမည့်အကျိုး သက်ရောက်မှုများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး အခြေခံပညာဦးစီးဌာန၏  စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းစာရင်းအင်း လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ဦးတည်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ကြီး ၄၅ ဦးတက်ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၁ ရက်မှ ၁၂ ရက် နေ့အထိ ၂ ရက်ကြာ နံနက် ၉ နာရီမှညနေ ၄ နာရီအထိ မြို့နယ်ပညာရေးမှူးက သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages