တောင်ကုတ်မြို့၌ အခြေခံပညာထက် ၊ လယ် ၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အခြေခံပညာထက် ၊ လယ် ၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ









MNP ၊ နိုဝင်ဘာ ၁၃

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ တောင်ကုတ်မြို့နယ် ပညာရေးမှူး ကျော်ထွန်းအောင် က စီမံခန့်ခွဲမှုစွမ်း ဆောင်ရည် မြင့်မားရေးအလုပ်ရုံးဆွေးနွေးပွဲကျင်းပရသည့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကျောင်းတွင်း စီမံခန့်ခွဲမှု အရည် အသွေး တိုးတက်မြင့်မားရေး ၊ ပညာရည်မြင့်မားရေးနှင့် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့သည် ကျောင်းအုပ်ကြီး များ၏ စီမံခန့်ခွဲမှုက အဓိကကျကြောင်း၊ ကျောင်းအုပ်ကြီးများ၏ အရည်အသွေး မြှင့်တင်ခြင်းဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ ၊ ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ အနာဂတ်အတွက် အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မြော်မြင်နိုင်စွမ်း ရှိသည့် လူသား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် သင်ကြားသင်ယူမှု တိုးတက် ကောင်းမွန် လာစေရန် အခြေခံပညာဦးစီးဌာန၏ စီမံဘဏ္ဍာ ၊ ပညာစစ်ဆေးခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးသည်။

အဆိုပါ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၁၆  ကျောင်းမှ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်း ကျောင်းအုပ်ဆရာကြီး ၊ ဆရာမကြီးများနှင့်တာဝန်ခံကျောင်းအုပ် ၂၁၆ ဦးတို့အား မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် ၊ ဂွမြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်နှင့်မာန်အောင်မြို့နယ် ပညာရေးမှူး(တာဝန်ခံ)လက်ထောက်ညွှန်ကြားရေး ဦးအောင်‌ကျော်ငြိမ်း တို့က စီမံရေးရာ ၊ ဘဏ္ဍာရေးနှင့် ငွေစာရင်း ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်ခြင်းလုပ်ငန်း ၊ စာရင်းအင်းနှင့်ကွန်ပျူတာ ၊ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများနှင့်မြို့နယ်ပညာရေးမှူးများ၏ အခန်းကဏ္ဍများကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)